ဘိုကလေး အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးပြုန်းတီးမှု မရှိစေရေးနှင့် ငါးရိက္ခာဖူလုံစေရေးတို့ကို ရည်ရွယ်ကာ အောက်တိုဘာ ၃၀ ရက် နံနက်(၁၀)နာရီတွင် ဘိုကလေးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုလွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိုးမြိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး အင်းသားများအား ငါးသားပေါက်များ ပေးအပ်ပြီး ကြေးတိုင်အင်း၊ ဘိုကလေးမြစ်အတွင်း ငါးတန် သားပေါက်အ ကောင်ရေ (၆၈၀၀၀) ကို မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)