ဝေါ အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်၌ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ဝေါအရှေ့)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့) အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊   အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)