မောက်မယ် အောက်တိုဘာ ၃၁

 

ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အောက်တိုဘာ ၃၀ ရက်က RDT ဖြင့် စစ်ဆေးသူ(၂၀)ဦးတွင်  ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ပြန်ခွင့်ရသူ(၉)ဦးနှင့် ကုသဆဲလူနာ(၃၃)ဦးကျန်ရှိကြောင်း  ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

မောက်မယ်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အတည်ပြုလူနာ(၁၇၅)ဦးအနက် သေဆုံးသူ (၂)ဦးရှိ၍ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁၄၀)ဦးရှိသည်။ မြို့နယ်ပြည်သူ့ဆေးရုံ၊ သီးသန့်ဆောင်တွင် ဆေးကုသမှု ခံယူနေသူ (၉)ဦး၊  မြို့နယ်နမ့်ယွမ်းခန်းမ Positive Centre တွင်(၂၀)ဦးနှင့် ဟိုနမ့်တိုက်နယ် ဆေးရုံတွင် (၄)ဦး စုစုပေါင်း(၃၃)ဦးသည် ဆေးကုသခံယူလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

                                                                                                                  

စိုင်းမျိုးသန့်(မောက်မယ်)