လှိုင်းဘွဲ အောက်တိုဘာလ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီပိတ်ထားခဲ့သော အခြေခံပညာကျောင်းများအား နိုဝင်ဘာလ(၁)ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကျောင်းများအား ခေတ္တယာယီ ပိတ်ထားခဲ့ရပြီး ယခုချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းလာသည့်အတွက် လာမည့် နိုဝင်ဘာ(၁) ရက်တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)


