တန့်ယန်း အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့် လှစ်တော့မည်ဖြစ်ရာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းကို ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ကြရာ၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြား နိုင်ရေးနှင့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းများ၌ ကျောင်းဆောင်များ၊ စာသင်ခန်းများအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးရာ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


