မြို့သစ် အောက်တိုဘာ   ၃၁   

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့်  အောက်ဆီဂျင် လိုအပ်သော  အခြားလူနာများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့လျှင်   အောက်ဆီဂျင် ၄၀လီတာဆံ့ အိုးအလုံးရေ ၁၂၀ခန့်ထုတ်နိုင်သည့် အောက်ဆီဂျင်စက်ရုံအား မြို့သစ်မြို့နယ် ပုလင်းကြီးကျေးရွာအနီး၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

      

အဆိုပါအောက်ဆီဂျင်စက်မှာ 30Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀လီတာ အောက် ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း အောက်ဆီဂျင်စက် ထားရှိမည့်မြေနေရာနှင့် စက်ရုံအဆောက်အဦကို   မြို့နယ်အတွင်းရှိ စေတနာရှင် ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရပြီး အောက်ဆီဂျင်စက်ထားရှိမည့် စက်ရုံမှာ အလျားပေ ၂၀၊ အနံ ၃၆ ပေ နှင့် အမြင့် ၁၃ ပေ ရှိမည်ဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်းရှိ အောက်ဆီဂျင် လိုအပ်သော လူနာများအား တစ်ဖက်တစ်လမ်းမှ   ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။

 

သန်းဝင်းထွန်း ( ပြန်/ဆက်)