လောက်ကိုင်   အောက်တိုဘာ  ၃၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် မန်လော်ကျေးရွာအုပ်စု၊ ချိန်ဆိုက်ထန်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ရှေ့ဦးစွာ လောက်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နန်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက်တွင် လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နန်းကနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောပြီး ကျေးရွာသူ၊ ကျေးရွာသားများက ကော်မတီဝင်များကို အများသဘောဆန္ဒ နှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြသည်။

 

အဆိုပါကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏အဓိကလိုအပ်ချက်ဖြစ်‌သော ဖွံ့ဖြိုးရေးစီမံချက်များရေး ဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနည်းကပ်ကြီးကြပ်မှု တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

စိုးမိုးကျော်