ဖနောင်ပင် နိုဝင်ဘာ ၁

ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၁ ရက်မှစတင်ကာ တရုတ်နိုင်ငံထုတ် ဆီနိုဗက်ကာကွယ်ဆေးကို အသက် ငါးနှစ် အရွယ်ကလေး များအား စတင်ထိုးပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင်

သတင်းထုတ်ပြန်သည်။

ပြည်နယ်နှင့် မြို့ပေါင်း ၂၅ ခုမှ အသက်ငါးနှစ်အရွယ် ကလေးများကို နိုဝင်ဘာ ၁ရက်မှစတင်ကာ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ပြီး ဆေးနှစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။

ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုး ပေးမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒိုင်းက ပြောသည်။ ကလေးများကို ကာကွယ်ဆေး ထိုးပေးရန် ခေါ်ဆောင်လာစဉ် အုပ်ထိန်းသူမိဘများသည် မွေးစာရင်း၊ မိသားစုမှတ်တမ်း စာအုပ်ကို ယူဆောင်လာရမည် ဖြစ်သည်။ နိုင်ငံအတွင်း အသက် ခြောက်နှစ်နှင့်အထက် လူဦးရေ ၁၃ ဒသမ ၇ သန်းကို အနည်းဆုံး တစ်ကြိမ် ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။

ဆင်ဟွာ