ဗီယင်ကျန်း နိုဝင်ဘာ ၁

လာအိုနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများ များပြားလာသည့်အတွက် အသွားအလာပိတ်ဆို့ ကန့်သတ်မှုကို နောက်ထပ် ၁၅ ရက် တိုးမြှင့်လိုက်သည်ဟု သိရသည်။

ဝန်ကြီးချုပ်ရုံး ဒုတိယအကြီး အကဲ သီဖာခွန် ချန်သာဗွန်ဂ်စာက လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့တွင် အောက်တိုဘာ ၃၀ ရက်က အသွားအလာပိတ်ဆို့ ကန့်သတ်မှုနှင့် ပတ်သက်၍ သတင်းထောက်များကိုပြောကြား ခဲ့သည်။

လာအိုနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုများ များပြားလာသည့်အတွက် အသွားအလာ ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ရန်လိုအပ်ကြောင်း၊ မကြာသေးမီရက်ပိုင်းအတွင်း လာအိုနိုင်ငံတွင် ဒေသတွင်း ကူးစက်မှုများတိုးလာ ကြောင်း ၎င်းကပြောကြားခဲ့သည်။

လာအိုနိုင်ငံသားများနှင့် လာအို နိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများ လုံခြုံစိတ်ချရရေးအတွက် ကိုဗစ် -၁၉ ကန့်သတ်မှုများပြုလုပ်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုများကို တတ်နိုင်သမျှ တားဆီး ကာကွယ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လာအိုနိုင်ငံ၌ အောက်တို ဘာ ၃၁ ရက်တွင် ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ ၆၇၉ ဦးရှိပြီး ပြည်ပမှ ကူးစက်လာသူ ခြောက်ဦးရှိသည်ဟု ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းကော်မတီက ပြောသည်။

လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ စုစုပေါင်းကူးစက်ခံရသူ ၄၀၂၇၁ ဦးရှိပြီး သေဆုံးသူ ၆၅ ဦးရှိပြီ ဖြစ်သည်။ လာအိုနိုင်ငံတွင် ပြီးခဲ့သည့်နှစ် မတ်လ ၂၄ ရက် မှ စတင်ကာ ကိုဗစ်-၁၉ ကူးစက်မှုကို စတင်တွေ့ရှိခဲ့သည်။

ဆင်ဟွာ