ရန်ကုန် နိုဝင်ဘာ ၁

ရန်ကုန် တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ် (၁)ရပ်ကွက်အတွင်းရှိ မဟာဗန္ဓုလပန်းခြံအား ဖေဖော်ဝါရီ ၆ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါမြင့်မားလာသည့်အတွက် ယာယီပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာသည့်အတွက် အများပြည်သူများ အေးချမ်းစွာအနားယူ အပန်းဖြေနိုင်စေရန် နိုဝင်ဘာ ၁ ရက် နံနက် ၆ နာရီ မှစ၍ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပန်းခြံဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက်၆ နာရီမှ ညနေ ၆ နာရီအထိ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စီမံအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)