တာချီလိတ် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၏အထက်ပိုင်းဒေသတွင် နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး မြို့တွင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

မယ်ဆိုင်ချောင်းနှင့်ထိစပ်နေသော ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က၊ခ)ရပ်ကွက်မြေနိမ့်ပိုင်းတို့ တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်များအတွင်း ရေဝင်ခြင်း၊ မော်တော်ယာဉ်များနစ်မြုပ်ခြင်းနှင့် ညနက်ချိန်ရေ ဝင်ခြင်းကြောင့် အထည်ပစ္စည်းများ ဆုံးရှုံးမှုအချို့ရှိခဲ့ကြောင်း၊ ရေကြီးရေလျှံမှုသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်ထက် (၁) ပေကျော်၊ ပုံမှန်အချိန်ထက်(၃)ပေကျော်ရှိကြောင်းသိရသည်။

ယာဆေး (ပြန်/ဆက်)