ကျိုက်မရော နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူများအား မြို့နယ်အားကစားရုံနှင့် အောင်သုခရပ်ကွက်ရှိ School Cum Shelter တို့၌ စောင့်ကြည့်ကုသရေးစင်တာ များဖွင့်လှစ်၍ စောင့်ကြည့်ကုသပေးလျှက်ရှိရာယခုအခါ ရောဂါပိုးထပ်မံတွေ့ရှိရမှု မရှိခြင်းနှင့် စောင့်ကြည့်ကုသရေးစခန်းရှိ လူနာများအားလုံး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှအားလုံးဆင်းခွင့်ရရှိပြီးဖြစ်သောကြောင့် ကိုဗစ်စင်တာများအား မြို့နယ်ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ယမန်နေ့ညနေပိုင်းက ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများကို ဇွန်လ၂၆ရက်မှစတင်ကာ တွေ့ရှိခဲပြီး အောက်တိုဘာလ ၂၈ရက်ထိ လူနာ (၁၁၈၄)ဦးရှိပြီး သေဆုံးသူ(၈၃)ဦး၊ ရောဂါပိုးတွေ့ရှိသူ ၁၁၀၁ ဦးရှိကာ ကျန်းမာရေးကောင်းမွန်၍ မိမိနေထိုင်ရာအိမ်များသို့ လူမူရေးအသင်းအဖွဲ့များမှ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါစင်တာများကို ပရဟိတအဖွဲများမှ ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် စွန့်ပစ်ပစ္စည်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)


