နတ်မောက်  နိုဝင်ဘာ ၁                                                                                               

 

၂၀၂၁ ခုနှစ် နိုဝင်ဘာ(၁)ရက်တွင် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အခြေပညာအထက်တန်းကျောင်း ၊ အောင်ဆန်းရပ်ကွက်တွင် ယနေ့နံနက်(၉)နာရီက ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။                            

 

နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင် နှင့်အဖွဲ့ဝင်များက ကျောင်းများအားကြည့်ရှု့စစ်ဆေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်း(Mask) များတပ်ဆင်စေခြင်း၊ ကျောင်းအတွင်းဝင်လျှင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာနေထိုင်ခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ဆရာ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်း ရပ်ကွက်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းဦးနှင့်ဆရာ ဆရာမ (၂၃)ဦးက မူလတန်း၊ အလယ်တန်း၊ အထက်တန်းရှိ ကျောင်းသားကျောင်းသူများအား နံနက်(၉)နာရီမှ မွန်းလွဲ(၁၂)နာရီ(၄၅)မိနစ်အထိ ဆရာ ဆရာမများက ကျောင်းသင်ခန်းစာများကို သင်ကြားပေးလျက်ရှိကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ထံမှ သိရသည်။  

                                                                                                                                       

နတ်မောက်ပြန်/ဆက်