ငါးသိုင်းချောင်း နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အပါအဝင်  အခြေခံပညာကျောင်းများအားလုံး နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့နံနက်ပိုင်းမှ စတင်ပြန်လည်ဖွင့်လှစ်လျက်ရှိရာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင် နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းများကို  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဦး(ငါးသိုင်းချောင်း)