ဇေယျာသီရိ    နိုဝင်ဘာ   ၁

 

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ် ၁၉ ရောဂါလျော့နည်းပျောက်ကွယ်လာသဖြင့် နိုင်ငံတော် အစိုးရက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးလျက်ရှိရာ ဇေယျာသီရိမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နံနက်၈နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများ မိမိတို့ အပ်နှံထားသော ကျောင်းများသို့ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားကြကြောင်း သိရသည်။

 

ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၅၇) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်းရှိပြီး အသက် ၁၂ အထက်ရှိသူကျောင်းသား/သူ (၇၀၆၆) ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ရာ  “ ကျွန်တော်တို့ ဒီနေ့မှာဆိုရင် ဇေယျာသီရိမြို့ နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေအားလုံးကို စတင်ဖွင့်လှစ်တာဖြစ်ပါတယ်၊ ကျောင်းတွေမှာတော့ ဖွင့်မည်ဆိုတာ သိကတည်းက ကျောင်းတွေအားလုံးကို ကိုဗစ်စည်း ကမ်းသတ်မှတ်ချက်တွေနဲ့ အညီဖြစ်အောင် အားလုံးပြင်ဆင်ထားရှိထားပါတယ်၊ ကျောင်းသား ၊ ကျောင်းသူများ ကျောင်းတက်လာရာတွင် နှာခေါင်းစည်းများ မျက်နှာကာများတပ်ဆင်ခြင်း ၊ စာအုပ် ၊ ခဲတံ ၊ဘောပင် ပေတံများကို မျှဝေ သုံးစွဲခွင့် ကျောင်းအဝင်နှင့် စာသင်ဆောင်ရှေ့တွေမှာ လက်ဆေးဘေစင်များထားရှိပြီး စနစ်တကျလက်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းများ လိုက်နာသွားကြရန် စည်းကမ်းများ ထားရှိထားပါတယ်” ဟု မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)