ငါးသိုင်းချောင်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အထက ကျောင်း ဆေးထိုး စုရပ်တွင် ဒေသခံပြည်သူများသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည့်အတွက် ငါးသိုင်းချောင်းမြို့၊ဗိုလ်ချုပ်လမ်းရှိ အမျိုးသားခန်းမသို့ ကာကွယ်ဆေးထိုး စုရပ်ပြောင်းရွှေ့ ဖွင့်လှစ်ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါဆေးထိုးစုရပ်၌ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ စက်တင်ဘာလ ၂၉ နှင့် ၃၀ ရက်များတွင် ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံထားသူများအား (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးစုရပ်သို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့ဝင်များက ဒေသခံပြည်သူများ ကာကွယ်ဆေး အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဦး(ငါးသိုင်းချောင်း)


