ကျောင်းကုန်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ယနေ့နံနက်ပိုင်းက အေးချမ်းစွာပညာသင်ကြားရန် လာရောက်လျှက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့က အ.ထ.က(၁)၊ အ.ထ.က(ခွဲ) အောက်ပိုင်းနှင့် အ.ထ.က(၂)တို့တွင် ပညာသင်ကြားရန် လာရောက်ကြသော ကျောင်းသား/သူများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းတို့ကိုကြည့်ရှုစစ်ဆေး ခဲ့ပြီး တစ်ကျောင်းလျှင် နှာခေါင်းစည်း(၅)ဘူးစီ ပေးအပ်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၄)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၀)ကျောင်း၊အ.လ.က(ခွဲ)(၁၃)ကျောင်း၊မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၁၂၂)ကျောင်း၊ အ.မ.က(ခွဲ)(၄)ကျောင်း၊ ဘက(၂) ကျောင်း ၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ စုစုပေါင်း (၁၉၁)ကျောင်းလုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


