ဓနုဖြူ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့ နိုဝင်ဘာလ ၁ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၁၅၉)ကျောင်း၊ အ.မ.က(ခွဲ)(၂)ကျောင်း၊ မူလွန်(၈)ကျောင်း၊အလယ်တန်းကျောင်း (၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁)ကျောင်း၊ အထက်တန်း(၁၂)ကျောင်း၊ အ.ထ.က(ခွဲ)(၁၁)ကျောင်း၊ ဘ.က ကျောင်း(၃)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၁၀) ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


