အမ်း နိုဝင်ဘာ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်း များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယနေ့ နံနက်ပိုင်းမှစတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။

 

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျောင်းသား ကျောင်းသူများအား ဆရာ ဆရာမများက ကျောင်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းများ၊ Mask များ ဖြန့်ဝေပေးခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးနိုင်စေရန် စီစဉ်ဆောင်ရွက် ထားရှိခြင်း၊ စာသင်ခန်းများတွင် စာသင်ခုံများ စနစ်တကျနေရာချထားခြင်း၊ စာသင်ချိန်များ စနစ်တကျစီမံထားရှိကြောင်း သိရှိရသည်။

 

အမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၁၈) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ()ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း()ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းရှိကြောင်း သိရှိရသည်။

 

 

မြို့နယ်ပြန်/ဆက်