ဟင်္သာတ ၊ နိုဝင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ရောဂါ ကူးစက်မှုနှုန်းများ ပြန်လည် ကျဆင်းလာသည့်အတွက် ယနေ့ နိုဝင်ဘာ(၁)ရက်နေ့မှ စတင်၍ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

 

ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေး အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ဟင်္သာတမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားရာတွင် လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းသား/သူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း  နယ်မြေခံ တပ်ဖွဲ့များမှ လုံခြုံရေးကိစ္စရပ်များ ကို ပညာရေးဌာန တာဝန်ရှိသူများ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ ဆရာအဖွဲ့ များနှင့် ပူးပေါင်း၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဇော်(ဟင်္သာတ)