ဒေးဒရဲ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက် ၉နာရီခွဲက စတင်ပြီး ပြည်လည်ဖွင့်လှစ် သင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်း စစ်ဆေးမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများလိုက်ပါပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက(၁)၊ အထက(၂)နှင့် အထက(၃) အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစစ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)


