စဉ့်ကိုင် နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ခေတ္တယာယီ ပိတ်ထားခဲ့ရာ နို၀င်ဘာ ၁ ရက် နံနက် ၈ နာရီခွဲမှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအ၀င်၌ လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ လက်ကို စနစ်တကျဆေးရန် တာ၀န်ကျ ဆရာ/ဆရာမများက စစ်ဆေးခြင်း၊ ကျောင်းခန်းအ၀င်တွင် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ပြီးမှသာ ၀င်ရောက်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်မှုမရှိစေရန် လူဦးရေကန့်သတ်ပြီး သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ မူလတန်းခွဲ (၁)ကျောင်း၊ မူလတန်းကျောင်း (၇၉)ကျောင်း စုစုပေါင်း (၁၁၃)ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၀င်း၀င်းသန်း (စဉ့်ကိုင်)