ဆိပ်ဖြူ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုကာကွယ်ထိန်ချုပ်ရေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများအားခေတ္တခဏပိတ်ထားခဲ့ရာမှ နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင်  အခြေခံပညာ အထက်တန်းအဆင့်ကျောင်း (၃၅) ကျောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်း (၄၁)ကျောင်း ၊ အခြေခံပညာ မူလတန်းအဆင့်ကျောင်း (၆၃)ကျောင်း စုစုပေါင်း(၁၃၉)ကျောင်းရှိပြီး  ၂၀၂၁- ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအပ်နှံပြီး အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ  (၆၄၉) ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၇၇၄)ဦး ၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၄၆၇၇)ဦး စုစုပေါင်း (၈၁၀၀)  ရှိကြောင်း  သိရသည်။

ယနေ့ကျောင်းများပြန်လည်ဖွင့်လှစ်သည့်နေ့တွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ  (၂၄၄) ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀၉၂)ဦး ၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၇၁၅)ဦး စုစုပေါင်း (၃၀၅၁) ဦးရှိကြောင်း နှင့် ကျောင်းအပ်နှံပြီးစီးသည့် ကျောင်းသား /ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးဌာနမှ  ဆရာ/ ဆရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများက အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျောင်းသား/ကျောင်းသူများ၏ မိဘများနှင့် ကျောင်းသားကျောင်းသူများအား ချိတ်ဆက်အသိပေးဆောင်ရွက်နေကြောင်း မြို့နယ်ပညာရေးဌာနမှ ပြောကြားသိရှိရသည်။
                    
ကိုဇွဲ( အညာမြေ)