ဂျီနီဗာ နိုဝင်ဘာ ၁

 

ရာသီဥတုပြောင်းလဲခြင်းအပေါ် တစ်ကမ္ဘာလုံးဆိုင်ရာအဖြေရှာရေး ကတိကဝတ်များအတွက် ဂျီ-၂၀ နိုင်ငံများ ထိပ်သီးအစည်းအဝေးကိုကြိုဆိုကြောင်း၊ သို့သော်လည်း ရောမမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ ၎င်း၏မျှော်လင့်ချက်များကို ပြည့်စုံစေခြင်းမရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။

 

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို အီတလီ နိုင်ငံမြို့တော် ရောမမြို့တွင် သီတင်းပတ်အကုန်၌ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးနှင့် စပ်လျဉ်း၍ ၎င်း၏ခံစားချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တွစ်တာပေါ်တွင် ဖော်ပြခဲ့သည်။

 

ဆွေးနွေးပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လည်း ပါဝင်ခဲ့သည်။ ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံများသည် တစ်ကမ္ဘာလုံးအနှံ့ ရာသီဥတု ပြောင်းလဲမှုကို တားဆီးနိုင်ရေးအတွက် အထူးတာဝန်များ အကောင်အထည်ဖော်ရာတွင် တာဝန်ရှိသည်ဟု ကုလသမဂ္ဂအကြီးအကဲက ပြောသည်။ နိုင်ငံပေါင်း ၂၀ သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု၏ ၈၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ဗြိတိန်နိုင်ငံတွင် ကျင်းပမည့် COP26 ရာသီဥတု ပြောင်းလဲမှုညီလာခံကို တက်ရောက်မည် ဖြစ်သည်။

 

အင်န်အိတ်ချ်ကေ