ရန်ကုန် နိုဝင်ဘာ ၁

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ဒေသတွင်း နိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ရင်ပေါင်တန်း၍ ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် ထပ်မံမှာယူထားသည့် Airbus A320 - 214 XY-ALT လေယာဉ်သည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

 

ယင်းလေယာဉ်သည် ပြင်သစ်နိုင်ငံ AirBus ကုမ္ပဏီမှ ထုတ်လုပ်မှုအမှတ်စဉ် MSN5433 ဖြင့် ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး တောင်ပံအဖျားတွင် Sharklets တပ်ဆင်ထားသော Airbus A320-214 လေယာဉ်အမျိုးအစားဖြစ်ကာ Business Class ထိုင်ခုံ ရှစ်ခုံနှင့် Economy ထိုင်ခုံ ၁၆၂ ခုံ ပါဝင် မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် ယင်းလေယာဉ်ကို Kalaw ဟု အမည်ပေးထားပြီး မကြာမီကာလအတွင်း တိုးချဲ့ပျံသန်းပြေးဆွဲရန် စီစဉ်ထားရှိသော ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်များအပါအဝင် အခြားခရီးစဉ်အသစ်များကိုပါ တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရန် မှာယူထားသော လေယာဉ်ဖြစ်ကြောင်း သိရသည်။

 

ကိုညီလေး