ကိုင်ရို နိုဝင်ဘာ ၂

 

မော်ဒါးနားကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအသုတ်ကို အီဂျစ်နိုင်ငံက အောက်တိုဘာ ၃၁ ရက်တွင် လက်ခံရရှိခဲ့သည်ဟု ကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

မော်ဒါးနားကာကွယ်ဆေးအလုံးရေ ၇၈၄၂၈၀ ကို ကိုင်ရိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရရှိခဲ့သည်။ အဆင့်မြင့်ပညာနှင့် သိပ္ပံသုတေသနဝန်ကြီး ခါလစ် အဗ္ဗဒယ် ဂါဇာက တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေး ညီညီမျှမျှ ရရှိစေရေးအစီအစဉ်အောက်တွင် အဆိုပါ ကာကွယ်ဆေးများ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

 

အီဂျစ်နိုင်ငံသည် ယခုအချိန်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လုံလုံလောက်လောက် ထောက်ပံ့ ပေးနိုင်ခဲ့သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။

 

မော်ဒါးနားကာကွယ်ဆေးသည် ပထမအကြိမ် ဆေးထိုးပြီး ၂၁ ရက်အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရမည်ဖြစ်သည်။ အီဂျစ်ဆေးဝါး အာဏာပိုင်အဖွဲ့အစည်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့ ပူးပေါင်းကာ မော်ဒါးနား ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့်အတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဆင်ဟွာ