ဆင်ပေါင်ဝဲ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား၂၀၂၁-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆင်ပေါင်ဝဲမြို့နယ်ဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ နိုဝင်ဘာ ၁ ရက်နေ့အထိ ကျေးရွာအုပ်စု (၄၂)အုပ်စု ၊ တောင်သူဦးရေ (၂၈၄၁) ဦး ၏ မိုးစပါးစိုက်ဧက (၃၆၀၃)နှင့် အခြားသီးနှံစိုက်ဧက(၁၂၈၆၆)တို့အတွက်ထုတ်ချေးငွေကျပ် (၁၈၂၇၀.၅၀) ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း၂၀၂၀ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေး ငွေများပြန်လည်ပေး ဆပ်ပြီးသည့် တောင်သူများအား ၂၀၂၁-ခုနှစ် ၊မိုးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) တစ်သိန်းငါးသောင်းနှုန်း ၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) တစ်သိန်းနှုန်းတို့ဖြင့်  ထုတ်ချေးပေးလျှက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့ နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှသိရသည်။

ဆင်ပေါင်ဝဲပြန်/ဆက်