ပေါက် နိုဝင်ဘာ ၂

 မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေ သည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခြေအနေတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာသည့်အတွက်   နိုဝင်ဘာ(၁)ရက်မှ စတင်၍ အခြေခံပညာကျောင်းများအလိုက်  စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 ပေါက်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၂၀)၊ အထက်တန်းကျောင်းခွဲ (၄၇)ကျောင်း၊ အလယ်တန်းကျောင်း (၃၄) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၅)ကျောင်း၊ မူလတန်းကျောင်း (၆၁)ကျောင်း၊ မူလတန်းကျောင်းခွဲ (၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄)ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်းပေါင်း (၂၅၂)ကျောင်းရှိပြီး ကျောင်း သားကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ် သင်ကြား လျက်ရှိကြောင်း သိရသည်။

 ထို့သို့ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားရာတွင် အခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)