ကျောက်ထု နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဒေသရှိ ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယောချောင်းကူး ဂုံဘိုဘီလီသံဘောင်တံတားသည် ပြီးခဲ့သည့်တစ်ပတ်ကျော် ကာလက ဒေသအတွင်း မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ယောချောင်းရေကြီးမြင့်တက်လာကာ အလျားပေ (၁၀၀)ခန့် ရေ၌မျောပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားအား တံတားအဖွဲ့(၃)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းလျက် အဆက်အသွယ် ပြတ်တောက်မှုမရှိရေးနှင့် ယာယီဖြတ်သန်းသွားလာနိုင်ရေး သံဘောင်တံတားကို ပြုပြင်ခဲ့ရာ နိုဝင်ဘာ ၁ ရက်မှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ပြီဟု သိရသည်။
ထိုသို့ ဖြတ်သန်းသွားလာနိုင်သဖြင့် ပခုက္ကူ- ပေါက်- ကျောက်ထု- မင်းတပ်ခရီးစဉ် သွားလာနိုင်ပြီဖြစ်၍ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများသွားလာမှု အဆင်ပြေလွယ်ကူသွားပြီဖြစ်ကြောင်း သိရသည်။
မောဟေမာန်


