ကျိုက်ဒုံ နိုဝင်ဘာ ၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဒေသခံများ၏အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။
ယခုနှစ်တွင် ယမန်နှစ်ကထက် ကွမ်းသီးထွက်ရှိမှု ပိုများကာ စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်းကျိုက်ဒုံမြို့ပေါ်၌ ကွမ်းသီးပေါက်စျေးနှုန်းမှာ ကွမ်းသီးအစိမ်း အလုံးတစ်ရာလျှင် ငွေကျပ်(၂၀၀၀) ၊ ကွမ်းသီးအခြောက်တစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)၊ ကွမ်းသီးအသန့် တစ်ပိဿာလျှင် ငွေကျပ် (၇၀၀၀) အထိ စျေးနှုန်းအထိ ရရှိခဲ့သည့် အတွက်ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများ အဆင်ပြေခဲ့ကြကြောင်း သိရသည်။
ယခု ကျိုက်ဒုံမြို့ပေါ်၌ နိုဝင်ဘာလ ပထမအပတ်မှ စတင်၍ ကျိုက်ဒုံမြို့ပေါ်၌ ကွမ်းသီးပေါက်စျေးနှုန်းမှာ ကွမ်းသီးအစိမ်း အလုံးတစ်ရာလျှင် ငွေကျပ်(၁၅၀၀)၊ ကွမ်းသီးအခြောက် တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀)၊ကွမ်းသီးအသန့် တစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)အထိသာ ရရှိပြီး ကွမ်းသီးစျေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိပြီး အချို့ခြံရှင်များက မိမိတို့၏ ကွမ်းသီးများကို သိုလှောင်ထားကြောင်း၊စျေးကောင်းရရန်ပြန်လည် စောင့်ဆိုင်းနေကြကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


