နတ်တလင်း  နို၀င်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခြေအနေ တွင် ရောဂါကူးစက်မှုနှုန်းများ   ကျဆင်းလာသည့်အတွက် နို၀င်ဘာ(၁)ရက်မှစတင်၍ အခြေခံ ပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီဖြစ်ရာ ယခုကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင်လည်း ကိုဗစ် -၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ကျောင်းသား/သူ များပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဗိုလ်မှူးထွန်းလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စိုးနှင့် တာ၀န်ရှိသူများမှ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် အ.ထ.ကကျောင်း (၇)ကျောင်း၊ အ.ထ.က(ခွဲ) (၄)ကျောင်း၊ အ.လ.ကကျောင်း (၁၁)ကျောင်း၊ အ.လ.က(ခွဲ) (၄)ကျောင်း၊ မူလွန်ကျောင်း (၃၄)ကျောင်း၊ အ.မ.က ကျောင်း (၁၆၃) ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း (၁၃)ကျောင်းရှိပြီး ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူး ဦး၀င်းဌေးထံမှ သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)