တောင်ကြီး နိုဝင်ဘာ ၂
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကြောင့် ကျောင်းများ ပိတ်ထားခဲ့ရပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံခဲ့ပြီး ကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားမှုနှုန်း မြင့်မားလာသောကြောင့် ကျောင်းများ ပြန်လည် ခတ္တပိတ်ထားရပြီး ယခုအချိန်တွင် ရောဂါပိုး ကူးစက်မှုနှုန်း လျော့နည်းလာသောကြောင့် နိုဝင်ဘာလ (၁)ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများကို စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် နိုဝင်ဘာ(၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများပညာ သင်ယူနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အင်းသားလေး(တောင်ကြီး)


