ပုံပါကျင်  နိုဝင်ဘာ ၂

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာန ၌သက်ဆိုင်ရာတာဝန်ရှိသူများက ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။ 

 အဆိုပါ ဆောင်ရွက်မှုတွင် ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

သန္တာ (ပြန်/ဆက်)