မံစီ နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း စီမံချက်ရေးဆွဲနည်း သင်တန်း ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူသင်တန်းသားများကို သင်တန်းသင် ထောက်ကူပစ္စည်းများပေးအပ်ခဲ့ရာ ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့်လုပ်ငန်းရွေးချယ်ပြီး စံချိန်စံနှုန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
သင်တန်းကို ၂၀၂၁-၂ဝ၂၂ ခုဘဏ္ဍာရေးနှစ် (၆လဘတ်ဂျက်)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာအဖြစ် ရွေးချယ်ထားသည့် ကျေးရွာမှ စီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များကို သင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက တာဝန်ယူကာ သင်တန်း ကာလ ၃ ရက်ကြာပို့ချသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁-၂ဝ၂၂ ခုဘဏ္ဍာရေးနှစ် (၆လဘတ်ဂျက်) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာအဖြစ် နမ့်မဖွဲကျေးရွာ အုပ်စု ဂါးရာယန်ကျေးရွာအား အတည်ပြု ရွေးချယ်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


