နယူးဒေလီ နိုဝင်ဘာ ၃

 

၂၀၇၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက စကော့တလန်နိုင်ငံ ဂလက်စဂိုးမြို့၌ ယမန်နေ့က ကျင်းပသော ကုလသမဂ္ဂရာ သီဥတုပြောင်းလဲရေးဆိုင်ရာညီလာခံ၌ ပြောကြားသည်။

 

ယခုကဲ့သို့ အိန္ဒိယနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားရန် ရည်မှန်းချက်သည် ပထမဆုံးအကြိမ်ချမှတ်ခဲ့သော ရည်မှန်းချက် ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံက ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချသွားမည်ဖြစ်ပြီး နိုင်ငံ၏လိုအပ်သော စွမ်းအင်ပမာဏ၏ ထက်ဝက်အား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ရယူအသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

 

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံနှင့် အမေရိကန်ပြီးနောက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတတိယ အများဆုံးနိုင်ငံဖြစ်သည်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ဂျပန်နှင့် အမေရိကန်တို့သည် ၂၀၅၀ ပြည့်နှစ်၌ မိမိတို့နိုင်ငံများ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုည ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးအတွက် ကန်ဒေါ်လာ တစ်ထရီလီယံ ထည့်ဝင်ကြရန် မိုဒီက တောင်းဆိုခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - စိုးသူရ