မိုးညှင်း နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ လွဲခမ်းတောင် အန္တရာယ်အက်စ်ကွေ့ရှိပေါက်ပြဲနေသော ကတ္တရာလမ်းပိုင်းများကို မြို့နယ်လမ်းဦးစီး အဖွဲ့က နိုဝင်ဘာ ၃ရက်က အပြီးသတ်ပြုပြင်နိုင်ခဲ့ကြောင်း သိရသည်။
" မော်ဟန်-လွဲခမ်းတောင် အန္တရာယ်အက်စ်ကွေ့ လမ်းပိုင်းဟာ မိုးတွင်းရာသီမှာ ပေါက်ပြဲပျက်စီးနေ တာကြောင့် အခုလိုပွင့်လင်းရာသီချိန်မှာ ပြန်လည်ပြန်လည်ပြုပြင်ခဲ့ပါတယ်။ အလျားပေ(၂၀၀)၊ အကျယ် ပေ(၁၈) ရှိတဲ့ ကတ္တရာလမ်းပိုင်း(၂)နေရာကို ဒီကနေ့ပြုပြင်ပြီးပါပြီ။ မော်တော်ယာဉ်တွေ ဘေးအန္တရာယ်ကင်းအောင်သွားလာနိုင်ဖို့ အချိန်မီလုပ်ဆောင်နေပါတယ် " ဟု မိုးညှင်းမြို့နယ် မြို့နယ်လမ်းဦးစီးဌာနမှ လုပ်ငန်းကြီးကြပ်ရေးမှူး ဦးသီဟကပြောကြားသည်။
အဆိုပါလမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းကို မိုးညှင်းခရိုင်လမ်းဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်လမ်း တံတားဦးစီးဌာန မြိုပြအင်ဂျင်နီယာဒေါ်ခင်သီတာလှိုင်မှ အနီးကပ်ကြီးကြပ်ကာ မိုးတွင်းကာလတွင် ပျက်စီးခဲ့သော ကတ္တရာလမ်းပိုင်းများအား ပွင့်လင်းရာသီ၌ချိန်အမီ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နီတိုး(၀၆၃)


