လေးမျက်နှာ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်များကြောင့် ၂၀၂၁ခုနှစ် မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ဧကနှင့်ပြန်စိုက်ဧကများအတွက် ဓာတ်မြသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေတို့မှ လေးမျက်နှာမြို့နယ်အတွင်း နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်များကြောင့် ၂၀၂၁ခုနှစ် မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ဧကများအတွက် ဓာတ်မြသြဇာထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိူးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်ဦးစီးမှူး ဦးမျိူးမင်းလွင်ဦး၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြောင့် ပြန်လည်စိုက်ပျိူးရသော တောင်သူများအား လက်ဝယ်အရောက် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျော်ဟိန်း(လေးမျက်နှာ)


