ပေါက်ခေါင်း   နိုဝင်ဘာ   ၃

 

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့  " ဟူသော ဆောင်ပုဒ်နှင့်အညီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်ရှိ ဆေးထိုးစုရပ်အသီးသီးတွင် ပထမအကြိမ် ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစားကို နံနက် ၁၀ နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

 

ပေါက်ခေါင်းမြို့နယ်ရှိ ဆေးထိုးစုရပ်(၆)ခုတွင်အခြေခံပညာ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၂၄၄)ဦး ဆေးထိုးရန် စာရင်းပေးထားပြီး၊ ယခုပထမအကြိမ် ဆေးထိုးပြီးသူများသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)