မိုင်းဖြတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အသားစားသုံးမှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်းကို နိုဝင်ဘာ၂ရက် နံနက် ၇နာရီခွဲက လေယာဉ်ကွင်းဟောင်း အနီးရှိ ယာယီပျံကျဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိဦးစိုင်းအေးမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စာရင်းကောက်ယူမှုပုံစံ ၄မျိုးဖြင့် စားသုံးသူများ၊ သားသတ်ရုံ၊ ကြက်ဒိုင်များ၊ စည်ပင်သာယာရေးဈေးရှိ အသားရောင်ချသူများ၊ စည်ပင်သာယာ သားသတ်ရုံများသို့ စစ်တမ်း ကောက်ယူခဲ့သည်။

အဆိုပါ အသားစားသုံးမှုစစ်တမ်းကောက်ယူခြင်းသည် လူတစ်ဦးအလိုက် နေ့စဉ်အသားစား သုံးမှုနှုန်းများသိရှိရန်နှင့် မွေးမြူထုတ်လုပ်မှုနှင့် အသားကဏ္ဍဆိုင်ရာမူဝါဒများ ချမှတ်ရာတွင် အေထာက်အပံ့ဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ပေါ်လူဦးရေး ၁ရာခိုင်နှုန်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်ဝင်းထံက သိရသည်။

ရွှေကို(မိုင်းဖြတ်)