တန့်ယန်း  နိုဝင်ဘာ  ၃

 

           

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ၍ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရရှိသည့် ခွင့်ပြုရန်ပုံငွေပေါ်မူတည်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

           

ထိုသို့ဆောင်ရွက်နေရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁-ခု အောက်တိုဘာလမှ ၂၀၂၂ -ခုနှစ် မတ်လအတွင်း အမှတ်(၂)ရပ်ကွက်ရှိ ဝေဠုဝန်လမ်း အရှည်ပေ(၁၀၀၀) ၊ အကျယ်(၁၂) ပေကို ကတ္တရာလမ်း အဖြစ် လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ နတလကျောင်းလမ်း အရှည်ပေ(၈၀၀) ၊ အကျယ်(၁၂)ပေကို ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ်လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ စျေးပတ်လမ်း အရှည်(၄၅၀)ပေ၊ အကျယ်(၁၂)ပေကို ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ်လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြို့သန့်ရှင်းသာယာလှပရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းထံမှ သိရသည်။                                            

 

မင်းလွင်ဦး(ပြန်/ဆက်)