မိတ္ထီလာ နိုဝင်ဘာ ၃
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်းလမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၄ ရက်မှ ၈ရက်အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ပထမအကြိမ်ထိုးနှံပေးခြင်းအား နိုဝင်ဘာ၄ရက်နေ့တွင် ပြည်သာယာ(မ)ရပ်ကွက်၊ ပြည်သာယာ(တောင်)ရပ်ကွက်၊ သရက်ပင် ကျေးရွာအုပ်စု၊ မြာကျေးရွာအုပ်စု၊ ဆည်ကုန်းကျေးရွာအုပ်စု၊ မြောက်လည် ကျေးရွာအုပ်စု၊ ကွက်ငယ်ကျေးရွာအုပ်စု၊ ခင်တဲကျေးရွာအုပ်စု၊ ညောင်ဇောက်ကျေးရွာအုပ်စု တို့တွင်လည်းကောင်း၊ ပထမအကြိမ်ထိုးနှံပေးခြင်းအား နိုဝင်ဘာလ ၆ ရက်နေ့တွင် မွေကျေးရွာ အုပ်စု၊ ရေဝေကျေးရွာအုပ်စု၊ ညောင်ပင်လျှိုကျေးရွာအုပ်စုတို့တွင် ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါနေ့တွင် ဒုတိယအကြိမ်ထိုးနှံပေးခြင်းအား ဝန်ဇင်းရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ ဝါးရုံကျေးရွာအုပ်စု၊ အောင်ဆန်းရပ်ကွက်၊ ကန်ကျေးရွာအုပ်စု၊ အုံတုံကျေးရွာအုပ်စု ၊ မောက်လောက်ကျေးရွာအုပ်စု တို့တွင်လည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းအား ရန်မျိုးအောင်ရပ်ကွက်၊ နန်းတော်ကုန်းရပ်ကွက်၊ ခင်လူးကျေးရွာအုပ်စု ၊ မြို့မရပ်ကွက်၊ ရတနာမာရ်အောင် ရပ်ကွက်၊ ရှမ်းတဲကျေးရွာအုပ်စု ၊ ကံကြီးကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာအုပ်စု ၊ ရှမ္မငယ်ကျေးရွာအုပ်စု ၊ မကျီးစုကျေးရွာအုပ်စုတို့တွင်လည်းကောင်း၊ ဒုတိယအကြိမ် ထိုးနှံပေးခြင်းအား နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်သာယာ(တောင်) ရပ်ကွက်၊ ရွှေပန်းတိုင်ကျေးရွာအုပ်စု ၊ အလည်ရွာကျေးရွာအုပ်စု ၊ သီရိမင်္ဂလာရပ်ကွက် ၊ ဝန်ဇင်းရပ်ကွက် ၊ညောင်မြင့်ကျေးရွာအုပ်စုနှင့် ကျီတော်ကုန်းရပ်ကွက်တို့တွင်လည်းကောင်း နေ့ရက်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


