လက်ပံတန်း နိုဝင်ဘာ ၃

     

လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဘတ်ဂျတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်း အခန်းအနားကို ယမန်နေ့က ရေနောက်ကျေးရွာ၊ ဖိုးခေါင်စုကျေးရွာ၊ သက္ကယ်ကုန်းကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။

     

ရှေးဦးစွာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်စိုးက စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ သဘော ဆန္ဒများနှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ရွေးချယ်ဖွဲ့စည်း အတည်ပြုပေးခဲ့ကြောင်း သိရသည်။

        

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လအတွင်း  ကျေးရွာ(၄)တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်ရွာလျှင် ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)၊ စုစုပေါင်းငွေကျပ်သိန်း(၄၀၀)ဖြင့် ကျေးရွာ ဖွံဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

မြို့နယ်၊ပြန်/ဆက်