ကျိုင်းတုံ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံ တွင် ကူညီဆောင်ရွက်ပေးသူများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ထောက်ပံ့ငွေများပေးအပ်ခြင်းကို နိုဝင်ဘာ ၂ ရက်က အဆိုပါ စက်ရုံ၌ သွားရောက်ထောက်ပံ့ပေးသည်။

ကျိုင်းတုံမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်အား အထောက်အကူဖြစ်စေရေ ထုတ်လုပ်ဖြန့်ဖြူပေးရာတွင်  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများက ငွေကျပ် ၈ သိန်း ထောက်ပံ့ပေးအပ်ပြီး အောက်ဆီဂျင်စက် ထုတ်လုပ်လည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါအောက်ဆီဂျင်စက်ရုံကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အလှူရှင်းများပါဝင်လှူဒါန်းမှုဖြင့် ဝယ်ယူတည်ဆောက်ကာ ကိုဗစ်-၁၉ ကာလ၌ ဒေသအတွင်း အောက်ဆီဂျင်လိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)