တာချီလိတ်၊ နိုဝင်ဘာ ၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူး ရန်ပုံေငွစီမံချက်ဖြင့် အလိုအလျောက် မိုးရေချိန်တိုင်းတာစက်ထားရှိရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ()နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ေရးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် က အဖွင့်အမှာစကားပြောကြားပြီး မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်း က စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက်

ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

မြန်မာ- ထိုင်း- တရုတ်- လာအိုနိုင်ငံများအတွင်း ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်၏ မူလရေချိန်အမှတ်စနစ်နှင့် မိုးရွာသွန်းမှုကြောင့်ဖြစ်လာသော ရေချိန်အမှတ်ကို စောင့်ကြည့်မည့်စနစ်ထားရှိရန်နှင့် မဲခေါင်မြစ်ထဲတွင် ကနဦးရေလွှမ်းမှုကို သတိပေးနိုင်ရန် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံေငွစီမံချက်ဖြင့် တာချီလိတ်မြို့အတွက် အလိုအလျောက် မိုးရေချိန်တိုင်းတာမည့် Overall Configuration DiagramVisualized Drawing Diagram Of Data Lagger Enclosure စက်တို့အား မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် ()အနီး၊ ဆန်ဆိုင်းရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတို့တွင် ယခုနှစ်ကုန်၌ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ တည်ဆောက်ပြီးပါက မယ်ခေါင်မြစ်၊ မယ်ဆိုင်မြစ် ရေကြီးရေလျှံမှုအား မိုးလေဝသ နှင့် ဇလဗေသညွှန်ကြားမှုဦးစီးဌာန Facebook Page၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့တွင် တာချီလိတ်မြို့အတွက် ပြသထုတ်လွှင့်နိုင်သွားနိုင်ရန်စီစဉ်ထားကြောင်းသိရှိရသည်။

 

ယာဆေး (ပြန်/ဆက်)