မိုင်းဆတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲကို ယနေ့ နံနက်()နာရီက နယ်မြေခံတပ်ရင်းရှိ ဘုရင့်နောင်ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မိုင်းဆတ်မြို့နယ် ဦးစီးမှူးရုံးမှ နယ်မြေခံ တပ်ရင်းများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်၃(က) (၄၇)ဦး၊ နိုင်()(က) (၂၅)ဦး၊  ပျောက်ဆုံး/ပျက်စီး လဲလှယ်သူ(၇၀)ဦးနှင့် မိတ္တူ(၅၁)ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကာယကံရှင်လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုစာရင်းများပြုလုပ်ရန်ကျန်ရှိ သူများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှသိရသည်။

မြင့်မောင်(မိုင်းဆတ်)