နောင်ချို နိုဝင်ဘာ ၃
ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ၊ မိုးစပါး စံပြကွက် ၊ စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်က သုံးဆယ်ကျေးရွာ တောင်သူ ဦးစောလိယျ ကွင်းအမှတ် -၁၂၂ ၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို သုံးဆယ်ကျေးရွာ ကွင်းအမှတ်-၁၂၂ ၊ ဦးပိုင်-၁၊ ဦးစောလိယျ၏ လယ် မြေတွင် ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး မိုးစပါးစံကွက်များမှာ ရွှေရင်အေးမျိုးသန့် လယ်စပါးများဖြစ်ကာ တင်း ၁၀၀ အထက် ထွက်ရှိကြောင်း ၊ အလားတူ တောင်သူဦးထွန်းနိုင်(ရေမောင်းတန်း)၊ တောင်သူဦးအိုက်မွန်း(သုံးဆယ်)၊ တောင်သူ ဦးသန့်ဇင်ဦး(ရွှေကြာအင်း)၊တောင်သူဒေါ်သိန်းပု(သုံးဆယ်)၊တောင်သူဦးလှမောင် (အထက်ကြူအင်း) ၊တောင်သူဦးမြင့်လွင်ဦး(ဆမ္မဆယ်) တို့၏ မိုးစပါးစံပြကွက် အသီးသီးတို့အား စံကွက်ရိတ်သိမ်းခဲ့ရာ ၁ ဧကလျှင် တင်း ၁၀၀ အထက်ထွက်ရှိကြောင်း သိရသည်။
မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို နောင်ချိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းအောင် နှင့်ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ခဲ့ကြပြီး ရွှေရင်အေးမျိုးသန့်လယ်စပါးစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်း ကောင်းကာ ဝမ်းစာဖူလုံစေပြီး ဈေးကွက်လည်း ဝင်သောကြောင့် တောင်သူအကျိုးစီးပွားတိုးတတ်စေလိုသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးကာစိုက်ခင်းတည်ထောင် ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)


