နတ်မောက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ တွင် စိုက်ပျိုးထားသော ပေါ်စန်းရင်စပါးမျိုးသန့်ထုတ်(၅)ဧကစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါစံပြကွက်ကို အင်းကုန်းကျေးရွာရှိ တောင်သူ (၃) ဦးဖြင့် ဇူလိုင်လ (၂၁) ရက်နေ့ကစတင် စိုက်ပျိုး ခဲ့ပြီး နိုဝင်ဘာလနောက်ဆုံးပတ်တွင် ရိတ်သိမ်းမှာဖြစ်ကြောင်း သိရသည်။
ထိုသို့ နတ်မောက်မြို့နယ်တွင် စံပြကွက်များစိုက်ပျိုးခြင်းအားဖြင့် အထွက်နှုန်းနှင့်အရည်အသွေး ကောင်းမွန်သော မျိုးသစ်များဒေသတွင်းမျိုးသန့်ပွားများနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်


