ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂) ကျောင်း တို့အား နိုဝင်ဘာလ(၁)ရက်မှ စတင်၍ မြို့နယ်အတွင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ကျောင်း အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၂၅၄၃၈)ဦးရှိသည့်အနက် နိုဝင်ဘာလ(၃)ရက်နေ့တွင် တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူဦးရေ(၉၉၃၅)ဦးကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံမှုအနေဖြင့်အခြေခံပညာ (၁၄၉) ကျောင်းတို့တွင် အထက်တန်းအဆင့်(၉၇၉)ဦး၊ အလယ်တန်းအဆင့် (၇၂၁၆)ဦးနှင့် မူတန်း အဆင့် (၁၆၄၉၉)ဦးစုစုပေါင်း(၂၄၆၉၄)ရှိပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၅၄၇)ဦး ရှိသလို ကိုယ်ပိုင်ကျောင်း(၆)ကျောင်းတို့တွင် မူလတန်းအဆင့်(၁၃၆)ဦး၊ အလယ်တန်း အဆင့်(၁၄၀)ဦး၊ အထက်တန်းအဆင့်(၁၈၄)ဦး စုစုပေါင်း(၄၆၀)ဦးရှိပြီးတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၃၁၆)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မူလတန်းအဆင့် (၂၈၄)ဦးရှိပြီး တက်ရောက်သည့်ကျောင်းသား၊ ကျောင်းသူ (၇၂)ဦး ရှိကြောင်းသိရသည်။
မြို့နယ်အတွင်းစာသင်ကျောင်းများဖွင့်လှစ်ရာတွင်လည်း ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိ သူများကပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


