ပင်းတယ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ နိုဝင်ဘာ ၁ ရက်တွင် ပင်းတယမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာနှင့် ထိတွေ့ခဲ့သော ပြည်သူများအား ပထမအကြိမ် RDT ဖြင့် စစ်ဆေးရာ ပိုးမတွေ့ခဲ့သူ ၆၄ ဦးအား ဓါတ်ခွဲနမူနာယူ၍ ဒုတိယအကြိမ် PCR နည်းဖြင့် စစ်ဆေးရန်အတွက် တောင်ကြီးမြို့သို့ ပို့ဆောင်ပေးခဲ့ရာမှ ပိုးတွေ့လူနာ ၂၁ ဦး တွေ့ရှိကြောင်း သိရသည်။
ပင်းတယမြို့ ဆင်ဖြူကျောင်းတိုက်မှ သံဃာတော် (၆)ပါးနှင့် အမျိုးသားတစ်ဦး၊ ပြည်သူ့ဆေးရုံဝန်ထမ်း တစ်ဦး၊ ငှက်ပျောတောရပ်ကွက်မှ အမျိုးသမီး (၃)ဦး၊ ရှမ်းရပ်ကွက်တွင် အမျိုးသမီး တစ်ဦး၊ ရွာငယ်ရပ်ကွက်မှ အမျိုးသမီး တစ်ဦး၊ ပြင်သာကျေးရွာမှ အမျိုးသမီး တစ်ဦး၊ ပွင့်လန်းကျေးရွာမှ အမျိုးသား တစ်ဦး၊ မြင်းမူးကျေးရွာမှ အမျိုးသမီး တစ်ဦး သရက်ကုန်း(မ)မှ အမျိုးသား (၁)ဦးနှင့် အမျိုးသမီးတစ်ဦး၊ ရပ်စောက်မြို့ အလယ်ချောင်ကျေးရွာမှ အမျိုးသမီးတစ်ဦး စုစုပေါင်း (၂၁)ဦးတို့ဖြစ်ကြောင်း၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ PCR ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရ၍ ပင်းတယမြို့ ပြည်သူ့ဆေးရုံနှင့် မြို့နယ်ဓမ္မာရုံ၊ မိုးကုတ်ရိပ်သာတို့၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရသည်။
မိုးမိုးထွေး (ပြန်/ဆက်)


