နေပြည်တော် နိုဝင်ဘာ ၃

 

အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နေ မxxxx၊ ၂၇ နှစ်အား ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ နယ်မြေ(၃)နေ မဝါဆို(ခ) မနှင်းနှင်းအေး (ခ)မဝါ၊ ၂၇ နှစ်၊ (ဘ) ဦးလှမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ အလယ်ရွာနေ ဇွဲကို(တိမ်းရှောင်)၊ ၂၉ နှစ်ခန့်တို့က တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက ငွေအမြောက်အများရမည်ဟု  စည်းရုံး၍  ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ (၄၅)ကုန်းနေ မင်းမင်း (တိမ်းရှောင်)၊ ၂၅ နှစ်ခန့်နှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ဒေါင်းဝိုင်းအနီးတွင် နေထိုင်လျက်ရှိသူ ပန်းနု(တိမ်းရှောင်)၊ ၃၄ နှစ်တို့ထံပို့ဆောင်ကာ တရုတ်နိုင်ငံအတွင်းသို့ ပို့ဆောင်ရောင်းစားခဲ့သဖြင့် မူဆယ်မြို့မ ရဲစခန်း(ပ)၇၈၄/၂၀၂၀၊ လူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် တရားခံ မဝါဆို(ခ) မနှင်းနှင်းအေး (ခ)မဝါကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံများအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)